back

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရာဖူးရွာအုပ်စု၊လော့သိုင်းကျေးရွာအနီး ဘုရားဖူး Hiace ယာဥ်နှင့် Hilux ယာဉ်တိုက်မှုဖြစ်ပွားခဲ့

May 15 • 12:22 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရာဖူးရွာအုပ်စု၊လော့သိုင်းကျေးရွာအနီး ဘုရားဖူး Hiace ယာဥ်နှင့် Hilux ယာဉ်တိုက်မှုဖြစ်ပွားခဲ့

14.5.2025ရက်‌နေ့လယ်၁၂နာရီအချိန်တွင်တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရာဖူးရွာအုပ်စု၊လော့သိုင်းကျေးရွာအနီးဘုရားဖူး Hiace ယာဥ်နှင့် Hilux ယာဉ်တိုက်မှုဖြစ်ပွားခ...

14.5.2025ရက်‌နေ့လယ်၁၂နာရီအချိန်တွင်တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရာဖူးရွာအုပ်စု၊လော့သိုင်းကျေးရွာအနီးဘုရားဖူး Hiace ယာဥ်နှင့် Hilux ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပါတယ်။ယာဉ်တိုက်မှုကြောင့် အန်စာတုံးယာဉ်ပေါ်လိုက်ပါလာသည့် ခရီးသည် သံဃာ ၂၄ ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သလိုသက်ကြီးပိုင်းအမျိုးသမီးတစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိသောကြောင့် အခင်းဖြစ်နေရာမှ ဆေးရုံသို့ တင်ပို့နေစဉ် သေဆုံးသွားခဲ့ပါတယ်။သေဆုံးသူနှင့် ဒဏ်ရာရရှိသူ‌များကို ဒေသခံ လူမှုကယ်ဆယ်ရေးအဖွဲ့များက ကလိန်အောင်တိုက်နယ်ဆေးရုံသို့ ကနဦးပို့ဆောင်‌ပေးခဲ့ပြီး ကလိန်အောင်တိုက်နယ်‌ဆေးရုံမှ တစ်ဆင့်လွှဲပြောင်းသည့် အရေးပေါ်လူနာများကို ထားဝယ်ဆေးရုံကိုလိုက်လံ ပို့ဆောင်ပေးခဲ့ပါတယ်။





news-view-count-icon

21