ရွှေသံလွင်လုပ်ငန်းအုပ်စု Sky Net၊ Shwe Bank နဲ့ Mo Money တို့က နေပြည်တော်၊ မန္တလေးနဲ့ စစ်ကိုင်းမြို့တွေက ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် နေ့လယ်စာ/ညနေစာ ထမင်းနဲ့ဟင်းလျာတွေ လှူဒါန်းပေးနေရာမှာ မေ ၁၄ ရက် ထိ လူဦးရေ နှစ်သန်းကျော်စာ အတွက် အာဟာရဒါန စတုဒိသာ ထမင်းနဲ့ဟင်းလျာတွေ လှူဒါန်းထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ရွှေသံလွင်လုပ်ငန်းအုပ်စုအနေနဲ့ နိုင်ငံတွင်းမှာ သဘာဝဘေးအန္တရာယ်တွေ ကြုံတွေ့လာတဲ့အခါတိုင်း အခုလိုမျိုး အာဟာရဒါန စတုဒိသာတွေ အစဉ်အမြဲ လှူဒါန်းပေးနေတာဖြစ်တယ်လို့ သိရပါတယ်။



