မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ကာလအတွင်း ပြည်တွင်း၊ ပြည်ပ ဘုရားဖူး ၁၁ သိန်းကျော် လာရောက်ခဲ့ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။ယခင်နှစ်ထက် ဘုရားဖူးများ ပိုမိုဝင်ရောက်လာခဲ့ပြီး ပြည်ပဘုရားဖူးများတွင် ထိုင်းနိုင်ငံမှ အများဆုံးဝင်ရောက်လာကြောင်း သိရသည်။



