မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်အတွင်း ငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့သည့် နာရီစင်ကြီးနှင့်အတူကျောင်းတိုက်(၁၂)ကျောင်းတွင် ကျောင်း(၁၀)ကျောင်းအတွက် အလှူရှင်များ အသီးသီးပေါ်ထွက်ပြီးဖြစ်ကြောင်း ယနေ့ မေ၁၄ရက်နေ့အထိ စာရင်းများအရ သိရသည်။အလှူရှင်မပေါ်ပေါက်သေးသော ကျောင်းတို့မှာ မာဂဓနယူပဒေသကျောင်းနှင့် ပိဋကနယူပဒေသကျောင်းတို့ဖြစ်ပြီး မာဂဓနယူပဒေသကျောင်းကိုလည်း အသစ် ပြန်လည်ဆောက်လုပ်နိုင်ရန် ပြင်ဦးလွင် ဖားအောက်တောရဆရာတော်ကြီးအမှူးပြုသော တပည့် ဒါယကာ, ဒါယိကာမအပေါင်းက မ,တည် လှူဒါန်းမည်ဖြစ်သည်။အလှူရှင်မပေါ်သည့်ကျောင်းကို ငလျင်ဘေးသင့် မစိုးရိမ်ကျောင်းတိုက်ကြီး ပြန်လည်ထူထောင်ရေးအတွက် လှူဒါန်းထားသော နဝကမ္မဝတ္ထုငွေတို့ဖြင့် အများကောင်းမှုအဖြစ် အသစ်ပြန်လည်ဆောက်လုပ်လှူဒါန်းရန် ကနဦး သဘောတူညီထားကြသည်။



