ဧရာဝတီတိုင်း၊ ရေကြည်မြို့က သမိုင်းဝင်စေတီတော်တဆူဖြစ်တဲ့ ဒီပါရုံစေတီတော်မြတ်ကြီးကို မေ ၁၃ ရက် မွန်းလွဲပိုင်းက မိုးကြိုးထိမှန်ပြီး စိန်ဖူးတော် မြေခခဲ့ရတယ်လို့ သိရပါတယ်။အဆိုပါ စေတီတော်ကြီးကို မေ ၆ ရက်က ထီးတော်အသစ် တင်လှူခဲ့တာဖြစ်ပြီး မိုးသိပ်မရွာဘဲ ရုတ်တရက် လေပြင်းတွေတိုက်လာပြီး မိုးကြိုးပစ်ချခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပြထားပါတယ်။



