ငလျင်သင့်ဒေသ ၃ နေရာဖြစ်တဲ့ မန္တလေး၊ စစ်ကိုင်းနှင့် နေပြည်တော်တို့တွင် ပြန်လည်အသုံးပြုနိုင်တဲ့ အဆောက်အဦး စုစုပေါင်း ၁၄,၆၀၄ လုံး ရှိကြောင်း မြန်မာနိုင်ငံငလျင်ကော်မတီထံမှ သိရပါတယ်။အဆိုပါပျက်စီးဆုံးရှုံးမှုများအနက် ၇၅ ရာခိုင်နှုန်း ပြန်လည်အသုံးပြုနိုင်တဲ့ အဆောက်အဦးပမာဏဖြစ်ပြီး အသေးစိတ်စစ်ဆေးရန် လိုအပ်တဲ့ အဆောက်အဦး စုစုပေါင်း ၃,၀၀၀ လုံးနှင့် အကြီးစားပြန်လည်ပြင်ဆင်ရန်နှင့် ငလျင်အားဖြည့်မွမ်းမံရန် လိုအပ်သည့် အဆောက်အဦး စုစုပေါင်း ၁,၉၅၄ လုံးခန့်ရှိကြောင်း သိရပါတယ်။ လက်ရှိအချိန် အထိ Earthquake Clinic ၏ လုပ်အားပေးအင်ဂျင်နီယာများမှ စစ်ကိုင်း၊ မန္တလေး နှင့် နေပြည်တော် မြို့များတွင် စစ်ဆေးခဲ့တဲ့ အဆောက်အဦစုစုပေါင်း ၂၀,၀၀၀ ခန့်ကို စစ်တမ်းကောက်ယူပြီး ဖြစ်ကြောင်း သိရပါတယ်။



