back

ရေဖြူတွင် ယာဉ်တိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေပြီး လူ ၂၀ ဒဏ်ရာရ

May 14 • 12:49 PM

breaking-news

မြန်မာ

တနင်္သာရီ

cover

ရေဖြူတွင် ယာဉ်တိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေပြီး လူ ၂၀ ဒဏ်ရာရ

ရေဖြူမြို့နယ်၊ ရာဖူးကျေူရွာအနီးတွင် ယနေ့(မေ ၁၄)နေ့လယ်ပိုင်းက ကျိုက်ထီးရိုးဘုရားမှ ပြန်လာသည့် အန်စာတုံး အမျိုးအစား ဘုရားဖူးယာဉ်နှင့် ထားဝယ်မြို့ဘက်မှလာသည့် ဗီဂို...

ရေဖြူမြို့နယ်၊ ရာဖူးကျေူရွာအနီးတွင် ယနေ့(မေ ၁၄)နေ့လယ်ပိုင်းက ကျိုက်ထီးရိုးဘုရားမှ ပြန်လာသည့် အန်စာတုံး အမျိုးအစား ဘုရားဖူးယာဉ်နှင့် ထားဝယ်မြို့ဘက်မှလာသည့် ဗီဂိုကားတို့ ယာဉ်တိုက်မှုဖြစ်ရာ အသက် ၆၀ ဝန်းကျင်အရွယ်ရှိ အမျိုးသမီးကြီးတစ်ဦးသေဆုံးပြီး လူ ၂၀ ဒဏ်ရာရရှိခဲ့ကြောင်း တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ထံမှသိရသည်။အဆိုပါယာဉ်တိုက်မှုကြောင့် သံ‌ဃာတော် ၂ ပါး၊ကလေး ၂ဦး ၊အမျိုးသား ၅ ဦး နှင့် အမျိုးသမီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ထံမှသိရသည်။ယာဉ်တိုက်မှုကြောင့်ဒဏ်ရာရရှိသူ ၂၀ ဦးမှာ ယနေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် ထားဝယ် ဆေးရုံကြီးသို့ ရောက်ရှိလာခဲ့ကြောင်း၊ အမျိုးသား၊အမျိုးသမီး ၁၄ ဦးမှာအတွင်းလူနာဖြစ် ဆေးကုသမှုခံယူနေပြီး ၆ ဦးမှာ ပြင်ပလူနာအဖြစ် ကုသမှုခံယူနေကြောင်း စုံစမ်းသိရှိရသည်။




news-view-count-icon

19