နောက် (၃၆) နာရီအတွင်း လေဖိအားနည်းရပ်ဝန်း အားကောင်းလာနိုင်ကြောင်း မိုးလေဝသ ဌာနခွဲ(ရန်ကုန်)က ယနေ့တွင် အသိပေးထားသည်။ ယနေ့ နံနက်ပိုင်း တိုင်းထွာရရှိချက်အရ ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ် (Low Pressure Cell)သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ရာ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း (ကပ္ပလီကျွန်းအနီး) သို့ ရောက်ရှိခဲ့ပြီး၊ အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ကာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း (ကိုကိုးကျွန်းအနီး)သို့ ရောက်ရှိနိုင်ကြောင်း အသိပေးထားသည်။
May 14 • 12:21 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


