နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်တပေါင်းကွင်း၌ ပြုလုပ်နေသည့်သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောင်းချပွဲ၌ တစ်ရက်လျှင် ဘိလပ်မြေ အိတ်တစ်သောင်းရောင်းချပေးနေကြောင်း MAX CEMENTမှ သိရသည်။အဆိုပါ ရောင်းချပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်တပေါင်းကွင်း၌ မေ ၁၂ ရက်မှ ၁၈ ရက်အထိ ငလျင်ဘေးသင့်ပြည်သူများ လွတ်လပ်စွာဝယ်ယူနိုင်ရန် ရောင်းချပေးနေခြင်းဖြစ်သည်။



