စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများ၊ အသိပညာပြန့်ပွားရေးနှင့် ပညာပေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၁၀)နာရီအချိန်က " အမျိုး သမီးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး" ခေါင်းစဉ်ဖြင့် Talk Show အစီအစဉ်ကို လူထုအခြေပြုဗဟိုဌာန (Community Cintre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။



