ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့၊ ဝေဇယန္တာလမ်းနှင့် သစ္စာလမ်းထောင့်တွင် ကားနှင့် စက်ဘီးတိုက်မိရာ စက်ဘီးစီးနင်းသူ အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ပါတယ်။အဆိုပါယာဉ်တိုက်မှုမှာ မေလ ၁၃ ရက် ည ၉ နာရီ ၁၂ မိနစ်အချိန်တွင် ယာဉ်တိုက်မှုဖြစ်ကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ ရွှေရုပ်လွှာ ပရဟိတအသင်းမှ သွားရောက်၍ ဒဏ်ရာပြင်း ထန်ရရှိသည့် အမျိုးသမီးကို မြောက်ဥက္ကလာဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားခဲ့တာလည်းဖြစ်ပါတယ်။ပြီးခဲ့သည့်ရက်ပိုင်းကလည်း ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၊ ကျန်စစ်သားလမ်း ၊(ရွာသာကြီးစက်မှုဇုန်အရှေ့)တွင် စက်ဘီးကို ယာဉ်တစ်စီးမှ တိုက်မိရာ စက်ဘီးစီးနင်းသူသေဆုံးသည့် ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ သစ္စာလမ်းထောင့်တွင် ကားနှင့် စက်ဘီးတိုက်မိရာ စက်ဘီးစီးနင်းသူ အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့
May 14 • 6:57 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 27 | 0 | 0 | 0 |


