မေလ(၁၃)ရက်နေ့က ပုသိမ်မြို့ရှိ SHEKINAH Hotel တွင်ဧရာဝတီတိုင်းဒေသကြီးအတွင်း ကြက်ခြေနီလူမှုကရုဏာလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်ခဲ့သောကြက်ခြေနီတပ်ဖွဲ့ဝင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ချီးမြှင့်သော ဂုဏ်ပြုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း အခမ်းအနားကို ကျင်းပခဲ့ရာဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ ဦးကြည်အောင်က အသက်(၆၅)နှစ်ပြည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လုပ်သက်(၃၀)နှစ်ပြည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။တိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းမြင့်က လုပ်သက်(၁၅)နှစ်ပြည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။



