အမေရိကန် ကယ်လီဖိုးနီးယား အခြေစိုက် Rezvani Motor သည် Lamborghini Urus အိမ်စီးပြိုင်ကား SUV ကို အခြေခံပြီး ဒီဇိုင်းထုတ်ထားသည့် Rezvani Knight ကျည်လုံ ကားမော်ဒယ်အသစ်ကို အစီး ၁၀၀ ထုတ်လုပ်မည်။Lamborghini Urus ကိုယ်ထည်နှင့် ကွဲပြားစေရန် ထောင့်ချိုးများ ထည့်ပေးထားသည်။Urus မှာ အသုံးပြုသည့် twin-turbocharged 4.0-liter V-8 အင်ဂျင်တပ်ဆင်ပေးထားသည်။ မြင်းကောင်ရေ ၈၀၀ အားအထိ ထုတ်ပေးနိုင်သည်။0-60 mph အရှိန်တင်ရန် ၃ စက္ကန့် ကြာသည်။လမ်းကြမ်း မောင်းနှင်နိုင်အောင် ဒီဇိုင်းထုတ်ထားသည်ဟု Rezvani Motor ထူထောင်သူ စီအီးအို Ferris Rezvani က ပြောကြားသည်။နေ့စဉ်သုံး သာမန်ကားတစီးအနေဖြင့် မောင်းနှင်နိုင်မည်ဖြစ်သည့်အပြင် လမ်းကြမ်းမောင်းနှင်နိုင်စွမ်းကိုလည်း Rezvani Knight က ပိုင်ဆိုင်ထားသည်ဟု ၎င်းက ဆိုသည်။
May 14 • 2:24 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 19 | 0 | 0 | 0 |


