back

အင်ဒိုနီးရှားစစ်တပ် သက်တမ်းလွန် ခဲယမ်းမီးကျောက်များ ဖျက်ဆီးရာ၌ ပေါက်ကွဲမှုဖြစ်ပွား၍ လူ ၁၃ ဦးသေဆုံး

May 14 • 2:20 AM

breaking-news

မြန်မာ

ပြည်ပ

cover

အင်ဒိုနီးရှားစစ်တပ် သက်တမ်းလွန် ခဲယမ်းမီးကျောက်များ ဖျက်ဆီးရာ၌ ပေါက်ကွဲမှုဖြစ်ပွား၍ လူ ၁၃ ဦးသေဆုံး

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် Garut ခရိုင်ရှိ ကျေးရွာတစ်ရွာ၌ မေ ၁၂ ရက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ အချင်းဖြစ်ပွားချိန်တွင် စစ်သည်များက သက်တမ်းလွ...

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် Garut ခရိုင်ရှိ ကျေးရွာတစ်ရွာ၌ မေ ၁၂ ရက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ အချင်းဖြစ်ပွားချိန်တွင် စစ်သည်များက သက်တမ်းလွန် ခဲယမ်းမီးကျောက်များ ဖျက်ဆီးနေခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် စစ်သည် ၄ ဦးနှင့် အရပ်သားပြည်သူ ၉ ဦးသေဆုံးခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ စစ်တပ်က ထိုနေ့တွင် ပြောကြားခဲ့သည်။အဆိုပါပေါက်ကွဲမှုသည် ထိုနေ့နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အချင်းဖြစ်ပွားချိန်တွင် စစ်တပ်ဝန်ထမ်းများက ဒေသတွင်း သဘာဝအရင်းအမြစ် ကာကွယ်ထိန်းသိမ်းရေးဦးစီးဌာနပိုင် သတ်မှတ်ထားသောနေရာ၌ သက်တမ်းလွန် ခဲယမ်းမီးကျောက်တစ်သုတ်အား ဖျက်ဆီးနေခြင်းဖြစ်ကြောင်း အင်ဒိုနီးရှား အမျိုးသားတပ်မတော် ပြောခွင့်ရပုဂ္ဂိုလ် Wahyu Yudhayana က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။


news-view-count-icon

16