back

ပြည်တွင်း ငလျင်ကြောင့်ပျက်စီးသွားသည့် ဗလီနှင့်ခရစ်ယာန်ကျောင်းများကို မူလအရွယ်အစားအတိုင်းသာ ပြန်လည်တည်ဆောက်ခွင့်ပြုမည်

May 14 • 1:45 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်း ငလျင်ကြောင့်ပျက်စီးသွားသည့် ဗလီနှင့်ခရစ်ယာန်ကျောင်းများကို မူလအရွယ်အစားအတိုင်းသာ ပြန်လည်တည်ဆောက်ခွင့်ပြုမည်

မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပျက်စီးသွားသော ဗလီနှင့် ခရစ်ယာန်ကျောင်းများအား မူလအရွယ်အစားအတိုင်းသာ ပြန်လည်တည်ဆောက်ခွင့်ပြုမည်ဖြစ်ကြောင်း သက်ဆိုင်...

မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပျက်စီးသွားသော ဗလီနှင့် ခရစ်ယာန်ကျောင်းများအား မူလအရွယ်အစားအတိုင်းသာ ပြန်လည်တည်ဆောက်ခွင့်ပြုမည်ဖြစ်ကြောင်း သက်ဆိုင်ရာသာသနာရေးမှူးရုံးများမှ အသိပေးထားပြီး ဖြိုဖျက်ခွင့်နှင့် ပြန်တည်ဆောက်ခွင့်များတွင် ကြန့်ကြာမှုများရှိနေသည်။ ဗလီတချို့မှာ ခွင့်ပြုချက်မရှိသေးသောကြောင့် ပြန်လည်ဆောက်လုပ်ခြင်းမပြုနိုင်သေးဘဲ ဝတ်ပြုဆုတောင်းမှုများကို ယာယီတဲများ၌ ဆက်လက်ပြုလုပ်နေရသည်။ ခရစ်ယာန်ကျောင်းများအနေဖြင့်လည်း စာဖြင့်မဟုတ်သောအတည်ပြုချက်ဖြင့် ဖြိုဖျက်ရေးလုပ်ငန်းများစတင်ထားပြီး တည်ဆောက်ရေးအတွက် တာဝန်ရှိသူများက အစီအစဉ်များဆွဲဆောင်နေကြောင်း သိရှိရသည်။


news-view-count-icon

13