back

ရုရှား-ယူကရိန်း ဆွေးနွေးပွဲကို တက်ရောက်နိုင်ခြေရှိကြောင်း ထရမ့်ပြော

May 14 • 1:20 AM

breaking-news

မြန်မာ

ပြည်ပ

cover

ရုရှား-ယူကရိန်း ဆွေးနွေးပွဲကို တက်ရောက်နိုင်ခြေရှိကြောင်း ထရမ့်ပြော

ရုရှားနဲ့ ယူကရိန်းတို့ တွေ့ဆုံဆွေးနွေးမယ့် အစီအစဉ်ကို တက်ရောက်ဖို့ စဉ်းစားနေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မေလ ၁၅ ...

ရုရှားနဲ့ ယူကရိန်းတို့ တွေ့ဆုံဆွေးနွေးမယ့် အစီအစဉ်ကို တက်ရောက်ဖို့ စဉ်းစားနေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မေလ ၁၅ ရက်ကျရင် တူရကီမှာ ရုရှားနဲ့ ယူကရိန်းတို့ကြား တိုက်ရိုက် ဆွေးနွေးဖို့ စတင် အဆိုပြုခဲ့ပြီး ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကလည်း တခြားအဆင့် အရာရှိတွေအစား သူနဲ့ပူတင် မျက်နှာချင်းဆိုင် စကားပြောလိုကြောင်း တောင်းဆိုခဲ့ပါတယ်။အမေရိကန်ဟာ ရုရှားနဲ့ ယူကရိန်းကြားက စစ်ပွဲ ရပ်ဆိုင်းရေးအတွက် ဝင်ရောက် ညှိနှိုင်းပေးနေပြီး အပစ်အခတ် ရပ်စဲရေးကို လက်ခံဖို့ နှစ်နိုင်ငံစလုံးကို ဖိအားပေးနေပါတယ်။ ထရမ့်ဟာ မေလ ၁၃ ရက်နေ့မှာ အရှေ့အလယ်ပိုင်း ခရီးစဉ်အဖြစ် ဆော်ဒီအာရေးဘီးယားကို ရောက်ရှိနေပြီး အဲဒီကနေတဆင့် တူရကီမှာ ရုရှား-ယူကရိန်း ဆွေးနွေးပွဲကို တက်ရောက်ဖို့ ဖြစ်ကောင်း ဖြစ်လာနိုင်ကြောင်း ဆိုပါတယ်။


news-view-count-icon

20