မေလ (၁၃)ရက်နေ့ နံနက်ပိုင်းတွင်“ မင်းထင်ရှားနှင့် အိမ်နံပါတ် ၆၆၆ ” ဇာတ်လမ်းတွဲရဲ့ ကန်တော့ပွဲ အခမ်းအနားကို ရန်ကုန်မြို့ရှိ “ ရွှေဘုန်းပွင့်ဘုရား ” တွင် ပါဝင်သရုပ်ဆောင်ထားသော အနုပညာရှင် , အတတ်ပညာရှင်များနဲ့အတူ ပြုလုပ်ကျင်းပခဲ့ပါတယ်။အဆိုပါ ဇာတ်လမ်းတွဲကို Alice Animated Artistry Films Production မှ Alice စီစဉ်၍ ဇာတ်ညွှန်းနှင့် ဇာတ်အိမ် ပြန်လည်တည်ဆောက်သူ ယွန်းသခင် ဇာတ်လမ်းနှင့် ဒါရိုက်တာ Alice (The Witch ) ရိုက်ကူးပြီး အနုပညာရှင်များဖြစ်ကြသော သရုပ်ဆောင် ဟင်နရီစံ၊ ရဲမွန် ၊ရှင်မင်းဆက် ၊မေခွန်အား ၊ မေသော်ချစ်(မှုံနံ့သာ) ၊ ပန်းအင်ကြင်း ၊ ဦးဝင်းမြိုင် ၊အကယ်ဒမီ ခင်မို့မို့အေး ၊ ထက်လင်း ၊ ကလေးသရုပ်ဆောင် ဆန်းသစ်ဟိန်း နှင့် သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင် သွားမှာပဲ ဖြစ်ပါတယ်။
" မင်းထင်ရှားနှင့် အိမ်နံပါတ် ၆၆၆ " ဇာတ်လမ်းတွဲ ကန်တော့ပွဲ အခမ်းအနားကို ရန်ကုန်မြို့ရှိ “ ရွှေဘုန်းပွင့်ဘုရား ” တွင်ပြုလုပ်ခဲ့
May 14 • 1:17 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 26 | 0 | 0 | 0 |


