ဘန်ကောက် အာဏာပိုင်တွေက ဘန်ကောက်မှာ ကျောင်းတွေ ဖွင့်တဲ့ ရာသီ ရောက်လာတဲ့အတွက် ကိုဗစ် ၁၉ ကူးစက်မှုကို သတိပေးလိုက်ပါတယ်။ ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးဌာန (BMA) ရဲ့ အတွင်းရေးမှူး ဒေါက်တာ Sunthorn Sunthorachart က ဘန်ကောက်ရဲ့ ကိုဗစ် ၁၉ ကူးစက်မှု အခြေအနေကို ပြောကြားလိုက်ပါတယ်။ ၂၀၂၅ ခုနှစ် ဧပြီလ ၂၇ ရက်ကနေ မေလ ၃ ရက်နေ့အတွင်း ကိုဗစ် ၁၉ ကူးစက်သူ အသစ် ၂,၉၆၇ ယောက်ရှိပါတယ်။ လူ ၁၀၀,၀၀၀ မှာ ၅၄ ယောက်ကူးစက်တဲ့နှုန်း ဖြစ်ပြီး ထိုင်းနိုင်ငံသား ၂,၃၈၁ ယောက်နဲ့ နိုင်ငံခြားသား ၅၈၆ ယောက်ကူးစက်ခဲ့ပါတယ်။ အဲဒီကာလမှာ ကိုဗစ် ၁၉ ကြောင့် ေ-သဆုံးသူ မရှိခဲ့ပါဘူး။ 
May 14 • 1:07 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 17 | 0 | 0 | 0 |


