အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်နေခဲ့သော တရားမဝင် ပြည်ပနိုင်ငံသား ၃၃၆ ဦးအား မေလ ၁၃ ရက်နေ့တွင် မြန်မာ–ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားမှတဆင့် လူသားချင်းစာနာမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရေးဖြင့် တာဝန်ရှိသည့်နိုင်ငံများထံ သက်ဆိုင်အလိုက် ဥပဒေအရ ထပ်မံလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။



