ရှမ်းပြည်နယ် လားရှိုးမြို့တွင် ပြန်လည်ထူထောင်ရေးကာလ မိုးရာသီအကြို ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်နေပြီး ရပ်ကွက်များတွင် အသိပညာပေးခြင်း၊ ရေတွင်းရေကန်များအဘိတ်ဆေးခပ်ခြင်းနှင့် ကလေးများအတွက် ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို မေ ၁၂ မှ ၁၆ အထိ ဆောင်ရွက်ပေးနေသည်။



