back

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ငလျင်ဒဏ်သင့်ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအတွက် ဆန်နှင့်ဆီ လာရောက်လှူဒါန်း

May 13 • 1:03 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ငလျင်ဒဏ်သင့်ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအတွက် ဆန်နှင့်ဆီ လာရောက်လှူဒါန်း

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌက မန္တလေးငလျင်ကြီးကြောင့် ထိခိုက်နစ်နာဆုံးရှုံးခဲ့ရသည့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ ငလျင်ဒဏ်သင့်ဒေသများမှ တက္ကသိုလ...

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌက မန္တလေးငလျင်ကြီးကြောင့် ထိခိုက်နစ်နာဆုံးရှုံးခဲ့ရသည့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ ငလျင်ဒဏ်သင့်ဒေသများမှ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့် ကျောင်းများအလိုက် ဆရာ ဆရာမများနှင့် ဝန်ထမ်းများအတွက် ဆန် ၂၄ ပြည်အိတ် ၄၄၉ အိတ်အတွက် ကျသင့်ငွေကျပ် ၄၆၃ သိန်းနှင့် ဆီအတွက် ၂၈၇ သိန်း စုစုပေါင်း သိန်း ၇၅၀ ကို ယနေ့နံနက်ပိုင်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနရုံးသို့ ပေးအပ်လှူဒါန်းရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

news-view-count-icon

23