စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်နှင့် မင်းလမ်းရပ်ကွက်ရှိ ငလျင်ဒဏ်သင့်သူ(၄၁၃၅)ဦးအား IBEC သဘာဝဘေးအန္တရာယ်စောင့်ရှောက်ကူညီရေးစင်တာနှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP)၊ FLYDO တို့ပူးပေါင်း၍ စားနပ်ရိက္ခာများကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။အဆိုပါ စားနပ်ရိက္ခာများဖြစ်သည့် ဆန်၊ ဆီ၊ ပဲ၊ အာဟာရမှုန့်များကို ယနေ့ မေ ၁၂ ရက်နံနက် ၈ နာရီခွဲက စစ်ကိုင်းတောင်ရိုးရှိ အပြည်ပြည်ဆိုင်ရာဗုဒ္ဓ ဘာသာပညာရေးစင်တာ(IBEC)ကျောင်းတိုက်၌ ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
| 13 | 0 | 0 | 0 |


