back

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ၂၀၂၅-၂၆ မြန်မာနေရှင်နယ်လိဂ် ပထမအကျော့ပြိုင်ပွဲအတွက် ဘောလုံးသမား အပြောင်းအရွှေ့ကာလထုတ်ပြန်လာ

May 13 • 8:01 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ၂၀၂၅-၂၆ မြန်မာနေရှင်နယ်လိဂ် ပထမအကျော့ပြိုင်ပွဲအတွက် ဘောလုံးသမား အပြောင်းအရွှေ့ကာလထုတ်ပြန်လာ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူးကျင်းပမည့် ၂၀၂၅-၂၀၂၆ မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးဘောလုံးပြိုင်ပွဲအား ၂၀၂၅ ဩဂုတ်လ ၁၆ ရက်တွင် ...

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူးကျင်းပမည့် ၂၀၂၅-၂၀၂၆ မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးဘောလုံးပြိုင်ပွဲအား ၂၀၂၅ ဩဂုတ်လ ၁၆ ရက်တွင် စတင်ကျင်းပသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီးပထမအကျော့ပြိုင်ပွဲအတွက် ကစားသမားခေါ်ယူခြင်း၊ စာချုပ်သက်တမ်းတိုးခြင်းစသည့် လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဘောလုံးသမားအပြောင်းအရွှေ့ကာလ (Player Transfer Window Period) ကို ၂၀၂၅ မေလ ၁၆ ရက်မှ ဩဂုတ်လ ၇ ရက်အထိ သတ်မှတ်ထားပါတယ်။ပြိုင်ပွဲဝင်ကလပ်အသင်းများအနေဖြင့် အုပ်ချုပ်မှုအဖွဲ့နှင့် ပြည်တွင်းကစားသမားများ မှတ်ပုံတင်သွင်းခြင်းကာလကို ဇူလိုင်လ ၂၂ ရက်မှ ဩဂုတ်လ ၅ ရက်အထိလည်းကောင်း၊ ပြည်ပကစားသမားများအတွက် ITC ‌လျောက်ထားခြင်းနှင့် မှတ်ပုံတင်သွင်းခြင်းကာလကို ဇူလိုင်လ ၂၂ ရက်မှ ဩဂုတ်လ ၇ ရက်၊ နေ့လည် ၁၂း၀၀ အချိန်နောက်ဆုံးထား ဆောင်ရွက်သွားရမည်ဖြစ်ရာ၂၀၂၅-၂၀၂၆ မြန်မာနေရှင်နယ်လိဂ်-၁ ပြိုင်ပွဲဝင်အသင်းများသည် ကစားသမား အနည်းဆုံး (၂၅) ဦးမှ အများဆုံး (၃၂) ဦး အထိ မဖြစ်မနေ မှတ်ပုံတင်ရမှာဖြစ်သလို ထိုသို့မှတ်ပုံတင်ရာတွင် ပြည်တွင်းကစားသမား (၂၆)ဦး+နိုင်ငံခြားကစားသမား (၆)ဦး၊ (Any Country Player (5)+Asian Player (1) မှတ်ပုံတင်ခွင့်ရှိမှာဖြစ်ပါတယ်။

news-view-count-icon

25