ထိုင်းကုန်စည်ပြပွဲ (THAI EXPO YANGON 2025)ကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ Yangon Convention Center(YCC)၌ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ ကုန်စည်ပြပွဲကို ဇွန်လ ၆ ရက်မှ ၈ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး ပြပွဲတွင် အာဆီယံဈေးကွက်အတွင်း လူကြိုက်များသော ထိုင်းနိုင်ငံမှ ကုမ္ပဏီကြီးများ၊ စီးပွားရေးလုပ်ငန်းကြီးများမှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံမှ အဝယ်တော်များ၊ Importer များ၊ Distributor များတွေ့ဆုံကာ ပိုမိုကောင်းမွန်သောအခွင့်အလမ်းများ ဖန်တီးရရှိနိုင်မည့်ပြပွဲတစ်ခုဖြစ်ကြောင်း သိရသည်။ပြပွဲ၌ ထိုင်းနိုင်ငံ၏အစားအစာနှင့် အဖျော်ယမကာများ အဝတ်အထည်များ၊ အလှကုန်များ၊ အိမ်သုံးပစ္စည်းများ၊ ကျန်းမာရေး အသုံးအဆောင်ပစ္စည်းများ ပါဝင်ပြသသွားမည်ဖြစ်သည်။



