ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၃ မြို့နယ်တွင် မြို့ပြကျန်းမာရေးဌာနများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်။ အဆိုပါမြို့ပြကျန်းမာရေးဌာနများကို ကျန်းမာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်မှာဖြစ်ကြောင်း၊ ပြည်သူလူထုအတွက် ကျန်းမာရေးလုပ်ငန်းများကို တိုးချဲ့ဝန်ဆောင်မှုပေးနိုင်စေရန်၊ လူတိုင်းအနာရောဂါကင်း၍ သက်တမ်းစေ့ ကျန်းမာစွာနေထိုင်နိုင်စေရန်၊ ပြည်သူ့ဆေးရုံကြီးများ၌ ပြသသောလူနာများကို စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်နိုင်စေရန် ရည်ရွယ်ချက်များဖြင့် အဆိုပါမြို့ပြကျန်းမာရေးဌာနများ ဖွင့်လှစ်၍ စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။အလားတူ ပြည်သူ့ဆေးရုံကြီးများ၌ သွားရောက်ပြသနေသည့် လူနာများအတွက် နောက်ဆက်တွဲ ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း မြို့ပြကျန်းမာရေးဦးစီးဌာနများမှ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးမယ်လို့လည်း သိရပါတယ်။



