back

စစ်ကိုင်းနဲ့ကချင်အစပ် ကသာနယ်မှာ ကူးတို့ဆိပ်လေလံဈေးနှုန်း ပြန်စီစစ်ပေးဖို့ဒေသခံတွေတောင်းဆိုနေ

May 13 • 6:23 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

စစ်ကိုင်းနဲ့ကချင်အစပ် ကသာနယ်မှာ ကူးတို့ဆိပ်လေလံဈေးနှုန်း ပြန်စီစစ်ပေးဖို့ဒေသခံတွေတောင်းဆိုနေ

စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်မှာ ကူးတို့ဆိပ်လေလံဈေးနှုန်းတွေမြင့်တက်လို့ ကူးတို့ဖြတ်သန်းအသုံးပြုနေတဲ့ ဒေသခံတွေသွားလာရေးအခက်ကြုံနေရပြီး ကူးတို့ဆိပ်လေလံနှုန်း...

စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်မှာ ကူးတို့ဆိပ်လေလံဈေးနှုန်းတွေမြင့်တက်လို့ ကူးတို့ဖြတ်သန်းအသုံးပြုနေတဲ့ ဒေသခံတွေသွားလာရေးအခက်ကြုံနေရပြီး ကူးတို့ဆိပ်လေလံနှုန်းထားတွေကိုပြန်လည်စီစစ်ပေးဖို့ဒေသခံတွေကတောင်းဆိုနေကြပါတယ်။ကသာမြို့နယ် အင်းရွာတိုက်နယ်အတွင်းရှိတဲ့ ကူးတို့ဆိပ်တွေကို လေလံဈေးနှုန်း ကျပ်သိန်း ၈၀ ကစဖွင့်ပေးပြီး ကျပ်သိန်း ၄၀၀ ကနေ ကျပ်သိန်း ၁၇၀၀ အထိ လေလံပေးဝယ်တဲ့သူတွေရှိနေကာအခုလိုလေလံဈေးနှုန်းမြင့်တက်လာတာနဲ့အတူ ကူးတို့ဖြတ်သန်းခတွေကလည်းမြင့်တက်လာပြီး ဧရာဝတီမြစ်ရဲ့ဟိုဘက်ကမ်း ဒီဘက်ကမ်း အသွားအပြန်ကို အများဆုံး ၈ ထောင်ကျပ်သာရှိခဲ့ရာကနေ အခုတော့ ၁၂,၀၀၀ ကျပ် မြင့်တက်လာတဲ့အခြေနေလို့ သိရပါတယ်။

news-view-count-icon

28