မန္တလေးမြို့ငလျင်ကြီးအပြီး ပြန်လည်ထူထောင်ရေးအတွက်လိုအပ်သည့် ဆောက်လုပ်ရေးပစ္စည်းများကို ဈေးနှုန်းမှန်ကန်၊ အရည်အသွေးပြည့်မီစွာ ဝယ်ယူနိုင်ရေးရည်ရွယ်၍ နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော် တပေါင်းကွင်း၌ မေလ ၁၂ ရက်မှ ၁၈ ရက်အထိ ရောင်းချပွဲတော်ကို ကျင်းပနေပါသည်။ဤပွဲတွင် ကုမ္ပဏီ (၆၁) ခုမှ ပြခန်း (၇၄) ခု ဖြင့် သံ၊ သံမဏိ၊ ဘိလပ်မြေကဲ့သို့သော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ပြသ ရောင်းချခြင်း ပြုလုပ်နေသည်။



