back

အသက် ၇၀ အရွယ်ရှိ ထိုင်းလူမျိုး အဘိုးအိုကိုသတ်ပြီး ထွက်ပြေးတိမ်းရှောင်သွားသည့် မြန်မာနိုင်ငံသား စိုင်းဟန်အား ဖမ်းမိ

May 13 • 3:17 AM

breaking-news

မြန်မာ

ပြည်ပ

cover

အသက် ၇၀ အရွယ်ရှိ ထိုင်းလူမျိုး အဘိုးအိုကိုသတ်ပြီး ထွက်ပြေးတိမ်းရှောင်သွားသည့် မြန်မာနိုင်ငံသား စိုင်းဟန်အား ဖမ်းမိ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ခယ်နယ်မြေ၌ အသက် ၇၀ အရွယ်ရှိ ထိုင်းလူမျိုး အဘိုးအိုကိုသတ်ပြီး ထွက်ပြေးတိမ်းရှောင်သွားသည့် မြန်မာနိုင်ငံသား စိုင်းဟန်ဆိုသူအား ထို...

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ခယ်နယ်မြေ၌ အသက် ၇၀ အရွယ်ရှိ ထိုင်းလူမျိုး အဘိုးအိုကိုသတ်ပြီး ထွက်ပြေးတိမ်းရှောင်သွားသည့် မြန်မာနိုင်ငံသား စိုင်းဟန်ဆိုသူအား ထိုင်းရဲတပ်ဖွဲ့က မေလ ၁၂ ရက် ည ၈ နာရီအချိန်ခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။စိုင်းဟန်သည် ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့က ဘန်ကောက်မြို့၊ ဘန်ခယ်နယ် မြေ၌ အလုပ်လုပ်ကိုင်နေသည့် ကိုယ်ဝန်သည် ဇနီးထံရောက်ရှိလာပြီး ရန်ရှာခဲ့သဖြင့် အလုပ်ရှင် ထိုင်းလူမျိုး အဘိုးအိုက နေအိမ်အတွင်း ဝင်ရောက်ခွင့်မပြုခဲ့ကြောင်း သိရသည်။ထိုသို့ ဟန့်တားနေသည့်ကြားမှ စိုင်းဟန်သည် ဇနီးသည်အား အန္တရာယ်ပြုရန် နေအိမ်အတွင်းဝင်ရောက်လာသဖြင့် အလုပ်ရှင် အဘိုးအိုက သေနတ်ထုတ်၍ နေအိမ်မှထွက်သွားရန် ခြိမ်းခြောက်ပြောဆိုနေစဥ် စိုင်းဟန်က အဘိုးအို၏ သေနတ်ကို လုယက်ခဲ့ရာ ရုန်းရင်းဆန်ခတ်မှုဖြစ်ပြီး သေနတ်ကျည်ထွက်ကာ ထိုင်းအဘိုးအိုမှာ သေဆုံးသွားကြောင်း သိရသည်။


news-view-count-icon

26