၂၀၂၅ မေလ ၁၃ ရက် မနက် ၀၀:၅၄ နာရီခန့်တွင် မန္တလေးမြို့အရှေ့တောင်ဘက်၊ ကျောက်ဆည်အရှေ့မြောက်ဘက် ၁၆ မိုင်ခန့်အကွာတွင် မဂ္ဂနီကျု ၃.၉ အဆင့်မြေငလျင်ငယ်တခု ထပ်မံဖြစ်ပွားခဲ့သည်။ ယင်းမြေငလျင်သည် မြေအောက် ၆ မိုင်ကျော်အနက်မှ လှုပ်ရှားလာခြင်းဖြစ်ပြီး မန္တလေးမြို့တွင် ပင်ပါးသွားသော တုန်ခါမှု (light shake) များကိုခံစားရသည်ဟုသိရသည်။



