အာဆီယံအမျိုးသမီးယူ ( ၁၉ ) ပြိုင်ပွဲနှင့်အာရှယူ ( ၂၀ ) အမျိုးသမီးအာရှဖလားခြေစစ်ပွဲများယှဉ်ပြိုင်ရန်အတွက် မြန်မာယူ ( ၁၉ )အမျိုးသမီးအသင်းဟာ ကစားသမား ( ၃၅ ) ဦးဖြင့် စခန်းသွင်းလေ့ကျင့်နေပြီဖြစ်ကာမြန်မာယူ ( ၁၉ ) အမျိုးသမီးအသင်းမှာ အမျိုးသမီးလက်ရွေးစင်အသင်းမှ အသက်ပြည့်မှီသည့်နောက်ခံလူ ယုယုနိုင်နှင့် တိုက်စစ်မှူး ယဉ်လွန်းအိမ်တို့ကို ခေါ်ယူအားဖြည့် ထားပြီး မြန်မာယူ ( ၁၉ ) အမျိုးသမီးအသင်းဟာ အာဆီယံပြိုင်ပွဲတွင် ဗီယက်နမ် ၊ လာအို ၊တီမောအသင်းတို့နှင့် တွေ့ဆုံနေပြီး အာရှယူ ( ၂၀ ) ခြေစစ်ပွဲတွင်အင်ဒိုနီးရှား ၊ အိန္ဒိယ ၊ တာ့ခ်မင်နစ္စတန်အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေလျှက်ရှိပါတယ် ။



