back

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ငလျင်ဘေးဒဏ်ထိခိုက်ခံစားရသောအိမ်ထောင်စု(၃၁၈)စုအတွက်ကြက်ခြေနီမှသွားရောက်ကူညီခဲ့

May 13 • 12:14 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ငလျင်ဘေးဒဏ်ထိခိုက်ခံစားရသောအိမ်ထောင်စု(၃၁၈)စုအတွက်ကြက်ခြေနီမှသွားရောက်ကူညီခဲ့

မြန်မာနိုင်ငံကြက်ခြေနီအသင်းက ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးကျေးလက်ဒေသ၊ သာလေးအုပ်စု နှင့် အင်းပေါခုံအုပ်စု တို့တွင် ငလျင်ဘေးဒဏ်ထိခိုက်ခံစ...

မြန်မာနိုင်ငံကြက်ခြေနီအသင်းက ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးကျေးလက်ဒေသ၊ သာလေးအုပ်စု နှင့် အင်းပေါခုံအုပ်စု တို့တွင် ငလျင်ဘေးဒဏ်ထိခိုက်ခံစားရသောအိမ်ထောင်စု(၃၁၈)စုအတွက်အိမ်ထောင်စု တစ်စုလျှင် ငွေသား(၅၀,၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေသား (၁၅, ၉၀၀,၀၀၀) ကျပ်ကို ၂၀၂၅ ခုနှစ်၊ မေလ(၁၁)ရက်နေ့တွင်သွားရောက်ထောက်ပံ့‌ပေးခဲ့ပါတယ်။ထိုဒေသရှိ ကလေးငယ်များအတွက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်စေရန် နှင့် ကြောက်ရွံ့ထိတ်လန့်မှုတွေကို သက်သာစေဖို့အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကလေးငယ်များအား အားပေးစောင့်ရှောက်ခြင်းဆိုင်ရာ အသိပညာများနှင့်ကလေးပျော်စင်တာကိုပါ ဖွင့်လှစ်ခဲ့ရာ ကလေးငယ်များ လာရောက်ဆော့ကစားခဲ့ပါတယ်။

news-view-count-icon

29