ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် ထာအိုကျေးရွာ ရွာဟောင်းနဲ့ရွာသစ်ကြားမှာ ဒီကနေ့မေလ ၁၂ ရက်မနက်ပိုင်း မှာ ကားမှောက်သွားလို့ သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦးထက်မနည်းဒဏ်ရာရရှိခဲ့တယ်လို့သိရ ပါတယ်။ယင်းကားဟာ ထအိုရွာဟောင်းရောက်ခါနီးမှာ စက်ချို့ယွင်းမှုဖြစ်လို့ နောက်ပြန်ဆုတ်ရင်းကနေ အရှိန်ထိန်းမရ တော့ဘဲ လမ်းအောက်ဘက် ပေ ၃၀၀ လောက်ကိုထိုးကျသွားခြင်းဖြစ်ကာ ကားပေါ်လိုက်ပါလာတဲ့ ဒေါ်ရွှေကြွယ် ( Pi Sui Cuai ) အသက် ၆၆ နှစ်သေဆုံးကာ အခြားသောအမျိုးသမီးနှစ်ဦးလည်းဒဏ်ရာရရှိခဲ့တယ်လို့သိရပါ တယ်။



