ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ဖို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်တဲ့ မြန်မာအလုပ်သမား ၁၅၀ ကျော် ဖမ်းဆီးခံရပါတယ်။ မြန်မာလုပ်သားတွေက ၁၀ ရက်အတွင်း ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပြီး မေ၂ ရက်နေ့မှာ ၃၃ ဦး၊ ၇ ရက်နေ့မှာ ၈၃ ဦး၊ ၈ ရက်နေ့မှာ ၁၅ ဦး ၊ ၁၁ ရက်နေ့မှာ ၂၂ ဦး အထိ ဖမ်းဆီးခံထားရပါတယ်။ ကန်ချနဘူရီနဲ့စမွတ်စခွန်ပြည်နယ်တွေမှာ အလုပ် သွားရောလုပ်ကိုင်မှာ ဖြစ်ပြီး ပို့ဆောင်ပေးသူတွေကို ပွဲစားခ တစ်ဦးကို ဘတ် ၁၅,၀၀၀ ကနေ ၂၀,၀၀၀ အထိ ပေးရတယ်လို့ ထိုင်းစစ်တပ်ကို ပြောကြားထား ပါတယ်။ ဖမ်းဆီးခံရသူတွေက အသက် ၁၈ နှစ် မှ ၃၅ နှစ် အတွင်း ရှိ အမျိုးသား၊အမျိုးသမီး နဲ့ လူငယ်တွေ အများဆုံး ဖြစ်တယ်လို့ သိရပါသည်။



