back

တနင်္သာရီတိုင်းတွင် ရုရှားဘာသာစကားသင်တန်းဖွင့်ရန် လုပ်ဆောင်

May 12 • 1:45 PM

breaking-news

မြန်မာ

တနင်္သာရီ

cover

တနင်္သာရီတိုင်းတွင် ရုရှားဘာသာစကားသင်တန်းဖွင့်ရန် လုပ်ဆောင်

ထားဝယ်အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ရည်ရွယ်၍ တနင်္သာရီတိုင်းအစိုးရက ရုရှားဘာသာစကားသင်တန်းကို ဖွင့်ရန်စီစဉ်နေကြောင်း ဝန်ထမ်းအသိုင်းအဝိုင်းထံမှ...

ထားဝယ်အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ရည်ရွယ်၍ တနင်္သာရီတိုင်းအစိုးရက ရုရှားဘာသာစကားသင်တန်းကို ဖွင့်ရန်စီစဉ်နေကြောင်း ဝန်ထမ်းအသိုင်းအဝိုင်းထံမှ သိရသည်။ယင်းသင်တန်းကို အများပြည်သူသိရှိနိုင်ရန် ကြော်ငြာခြင်းမျိုးမဟုတ်ဘဲ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများကို ဦးစားပေး၍ ခေါ်ယူနေကြောင်း အမည်မဖော်လိုသည့် နီးစပ်သူတစ်ဦးကဆိုသည်။သင်တန်းကို ကျောင်းသားကျောင်းသူများ အတွက် တနင်္လာနေ့မှ သောကြာနေ့အထိ ၉နာရီမှ ၁၂ နာရီအတွင်း ပို့ချမည်ဖြစ်ပြီး ဝန်ထမ်းများအတွက် ညနေ ၄ နာရီခွဲမှ ၆နာရီအတွင်းပို့ချမည့် အပြင် ပိတ်ရက်တွင်လည်း ၉ နာရီ မှ ၁၁ နာရီအထိ နှင့် နေ့လယ် ၁ နာရီ မှ ၃ နာရီအထိ ပို့ချမည်ဟု သင်တန်းအချိန်ဇယားတွင် ဖော်ပြထားသည်။



news-view-count-icon

16