back

ဧရာဝတီဖောင်ဒေးရှင်းက ရန်ကင်းကလေးဆေးရုံကြီးအတွက် Liquid Oxygen Plant နှင့် Oxygen Generator တို့ တပ်ဆင်လှူဒါန်းခဲ့

May 08 • 6:07 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ဧရာဝတီဖောင်ဒေးရှင်းက ရန်ကင်းကလေးဆေးရုံကြီးအတွက် Liquid Oxygen Plant နှင့် Oxygen Generator တို့ တပ်ဆင်လှူဒါန်းခဲ့

ဧရာဝတီဖောင်ဒေးရှင်းက ပြုပြင်တည်ဆောက် လှူဒါန်းခဲ့သည့် ကုတင်(၅၅၀)ဆံ့ ရန်ကင်းကလေးဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူနေကြသော လူနာများအတွက် အောက်စီဂျင်လိုအပ်ချက် ဖြည့်...

ဧရာဝတီဖောင်ဒေးရှင်းက ပြုပြင်တည်ဆောက် လှူဒါန်းခဲ့သည့် ကုတင်(၅၅၀)ဆံ့ ရန်ကင်းကလေးဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူနေကြသော လူနာများအတွက် အောက်စီဂျင်လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရန် ဧရာဝတီဖောင်ဒေးရှင်းက Liquid Oxygen Type တန်(၂၀) Oxygen Plant တစ်လုံးနှင့် Container Type Oxygen Generator တို့ကိုတည်ဆောက် လှူဒါန်းထားပြီး ဆက်စပ်လိုအပ်သော Liquid Oxygen ဝယ်ယူဖြည့်တင်းပေးခြင်းနှင့်အတူ ၄၀လီတာဆံ့ အောက်စီဂျင်အိုးများကိုပါ ထည့်သွင်းလှူဒါန်းခဲ့ကာ ရန်ကင်း ကလေးဆေးရုံကြီးရှိ အဆောက်အဦးယိုယွင်းပျက်စီးနေမှုများအား ပြုပြင်ပေးခြင်း၊ အဲကွန်းများ ပြုပြင်ပေးခြင်း၊ မီးလိုင်း/ရေလိုင်းများ စစ်ဆေးပြုပြင်ပေးခြင်း၊ အဆောက်အဦများအား ဆေးအသစ် ပြန်သုတ်ခြင်းနှင့် ဆေးရုံ ပတ်ဝန်းကျင် သန့်ရှင်းသာယာရေးတို့ကိုပါ ဆောင်ရွက်လျက်ရှိပြီး ဆေးကုသမှုခံယူလျက်ရှိကြသည့် လူနာများအတွက် အာဟာရ ကျွေးမွေးခြင်းကိုလည်း အလှူရှင်များနှင့်လက်တွဲပူးပေါင်း၍ ဧရာဝတီဖောင်ဒေးရှင်းက နေ့စဉ် တစ်‌နေ့လျှင် နှစ်ကြိမ် ဒါနပြုကျွေးမွေးလျက်ရှိပါတယ်။




news-view-count-icon

36