သရုပ်ဆောင်မေသန်းနုရဲ့ခင်ပွန်းဟောင်းဖြစ်သူ
ဒါရိုက်တာ ဇင်ယော်မောင်မောင်ဟာ မေလ ၅ ရက်နေ့မှာ နေပြည်တော်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သားဖြစ်သူ မင်းသန့်မောင်မောင်က အသိပေးလာခဲ့ပါတယ်။ မေလ ၅ ရက်နေ့ ညနေ ၅ နာရီအချိန်မှာ ဘယ်ဘက်ယာဉ်ကြောမှမောင်းနှင်လာသော ယာဉ်က ကျော်တက်ကာ ညာဘက်ယာဉ်ကြောရှိ ဇင်ယော်မောင်မောင်စီးနင်းလာသော ကားအားဝင်တိုက်ခဲ့ကာအသက်အန္တရာယ်မစိုးရိမ်ရပေမယ့် ဘယ်ဘက်ပေါင်ရိုးကျိုးသွားတာကြောင့် သားဖြစ်သူက လိုက်သွားကာ ပြုစုစောင့်ရှောက်မယ်လို့ သိရပါတယ်။


