၆.၅.၂၀၂၅ ရက်ယနေ့၊ ၀၀ နာရီ၅၀မိနစ်အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ၊ ရွှေလင်ဗန်းကျေးရွာ၊ ရွှေဂန္ဓမာလမ်းတွင် နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် မြောက်ပိုင်းခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်လျက်ရှိပြီး၀၁နာရီ ၀၇ မိနစ်အချိန်တွင်မီးထိန်းနိုင်ကာ၀၁ နာရီ၁၄မိနစ်အချိန်တွင်မီးငြိမ်းခဲ့ပါတယ်။



