back

CHID Bank တွင် ပြည်တွင်းဆောက်လုပ်ရေး ချေးငွေလျှောက်ထားနိုင်

May 05 • 4:21 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

CHID Bank တွင် ပြည်တွင်းဆောက်လုပ်ရေး ချေးငွေလျှောက်ထားနိုင်

ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ နဲ့ ကန်ထရိုက်တာတွေ လုပ်ငန်းလည်ပတ်နိုင်ဖို့ ဆောက်လုပ်ရေး ချေးငွေ တွေ လျှောက်ထားနိုင်တယ်လို့ ဆောက်လုပ်ရေး၊ အိမ်ရာ နှင့် အခြေခံအဆောက်အအ...

ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ နဲ့ ကန်ထရိုက်တာတွေ လုပ်ငန်းလည်ပတ်နိုင်ဖို့ ဆောက်လုပ်ရေး ချေးငွေ တွေ လျှောက်ထားနိုင်တယ်လို့ ဆောက်လုပ်ရေး၊ အိမ်ရာ နှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ် (CHID Bank) က ထုတ်ပြန်ပါတယ်။ချေးငွေအတိုးနှုန်းအနေနဲ့ တစ်နှစ်ကို ၁၂ ရာခိုင်နှုန်းဖြစ်ပြီး အခုလို ဆောက်လုပ်ရေးချေးငွေ လျှောက်ထားလိုရင် ချေးငွေလျှောက်လွှာ၊ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ၊ ဓာတ်ပုံ နှစ်ပုံ၊ ခြောက်လအတွင်း ရိုက်ကူးထားတဲ့ မြေပုံရာဇဝင်၊ ပုံစံ (၁၀၅)၊ (၁၀၆)၊ လုပ်ငန်းနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်း အထောက် အထား တွေ အာမခံပစ္စည်းဓာတ်ပုံတွေ စတဲ့ စာရွက်စာတမ်းအချက်အလက်တွေနဲ့တကွ လျှောက်ထားရမှာ ဖြစ်တယ် လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ချေးငွေနဲ့ ပတ်သက်ပြီး အသေးစိတ်သိလိုရင် နီးစပ်ရာ CHID ဘဏ်ခွဲတွေ နဲ့ CHID ဘဏ်ရဲ့ Call Center ဖုန်း နံပါတ်ဖြစ်တဲ့ 09-401010810 နဲ့ 09-401010820 ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်တယ်လို့လည်း သိရပါတယ်။


news-view-count-icon

19