မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လက်ရှိ ရီးယဲလ် ဘက်တစ်အသင်းမှာ အငှားသွားရောက်ကစားနေတဲ့ တောင်ပံကစားသမား အန်တိုနီအတွက် နွေရာသီ အပြောင်းအရွှေ့ကာလမှာ Plan B တစ်ခု စဉ်းစားထားနေပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဘရာဇီးလ် လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား အန်တိုနီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက ယူနိုက်တက်အသင်းကနေ အသင်းဖော် မားကပ်စ် ရပ်ရှ်ဖိုဒ်နဲ့အတူ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ထွက်ခွာခဲ့ရပြီး အခုဆိုရင် အန်တိုနီက ဘက်တစ်အတွက် ပြိုင်ပွဲစုံမှာ (၇)ဂိုး သွင်းယူထားရင်း ခြေစွမ်းပြသထားလျက် ရှိနေပါသည်။



