ဖိလစ်ပိုင်နိုင်ငံတွင် အထက်တန်းကျောင်းပြီးပေမယ့် ရိုးရှင်းတဲ့ပုံပြင်တပုဒ်ကို မဖတ်နိုင်တဲ့သူတွေ အများကြီးရှိနေကြောင်း ဖိလစ်ပိုင်အစိုးရ လေ့လာတွေ့ရှိခဲ့ပါသည်။ ကျောင်းသား ၅ ယောက်မှာ ၁ ယောက်က အထက်တန်းအောင်ပေမယ့် စာမဖတ်နိုင်သေးတာက ဖိလစ်ပိုင်ပညာရေးအဆင့်အတန်း ပြသနာတက်နေပြီဆိုတာကို ပြသနေပြီလို ဆီးနိတ်အမတ်တွေက ထောက်ပြကြပါတယ်။ ဒါဟာ လူငယ် ၁၈ သန်းအထိ ရှိနေတာကြောင့် အမြန်ဆုံးပြုပြင်ပြောင်းလဲရေး လုပ်ကြရမယ်လို့ အကြံပြုထားကြောင်း သိရသည်။



