back

Apple သည် အိုင်ဖုန်းများ စတင်ရောင်းချသည့် အစီအစဉ် အစဉ်အလာကို ပြောင်းလဲမည်

May 05 • 3:36 PM

breaking-news

မြန်မာ

ပြည်ပ

cover

Apple သည် အိုင်ဖုန်းများ စတင်ရောင်းချသည့် အစီအစဉ် အစဉ်အလာကို ပြောင်းလဲမည်

Apple သည် အိုင်ဖုန်းများ စတင်ရောင်းချသည့် အစီအစဉ် အစဉ်အလာကို ပြောင်းလဲမည်ဟု သတင်းထွက်ပေါ်နေသည်။ အစဉ်အလာအားဖြင့် စက်တင်ဘာလသည် အိုင်ဖုန်းစီးရီးအသစ်မှ ဖုန်းများအား...

Apple သည် အိုင်ဖုန်းများ စတင်ရောင်းချသည့် အစီအစဉ် အစဉ်အလာကို ပြောင်းလဲမည်ဟု သတင်းထွက်ပေါ်နေသည်။ အစဉ်အလာအားဖြင့် စက်တင်ဘာလသည် အိုင်ဖုန်းစီးရီးအသစ်မှ ဖုန်းများအားလုံး တပြိုင်တည်း ထွက်သည်။ ဈေးပိုမြင့်သည့် Pro, Pro Max, Air နှင့် ပထမဆုံး စတင်ထုတ်လုပ်တော့မည့် ခေါက်ဖုန်းမော်ဒယ်များကို အစဉ်အလာမပျက် ၂၀၂၆ ဆောင်းဦး စက်တင်ဘာတွင် ထွက်မည်။ ကျန်သည့် ဈေးသက်သာသော မော်ဒယ်များကို ၂၀၂၇ နွေဦးတွင် ထွက်မည်။ မော်ဒယ်အားလုံး တပြိုင်တည်း စုပြုံထွက်သည့်အခါ တပ်ဆင်ထုတ်လုပ်ရန် လူအင်အား အများအပြား တချိန်တည်း တပြိုင်တည်း လိုအပ်စေသဖြင့် အုပ်စု နှစ်စု ခွဲထုတ်မည် ဖြစ်သည်။ 



news-view-count-icon

11