ထိုင်းနိုင်ငံတွင် ဘတ်သန်း ၅၀ တန် ငွေနှင့်ပိုင်ဆိုင်မှုများနှင့်အတူ Tee Yai 888 လောင်းကစား ဝက်ဘ်ဆိုက်ထူထောင်သူများကို ဖမ်းဆီးခဲ့သည်။ ထိုင်းထောက်လှမ်းရေး၊ ရာဇဝတ်နှိမ်နင်းရေး၊ ဆိုက်ဘာမှုခင်းနှိမ်နင်းရေး အဖွဲ့အစည်းများအားလုံး ပူးပေါင်းပြီး နိုင်ငံအတွင်း တရားမဝင် လောင်းကစားဝက်ဘ်ဆိုက် Tee Yai 888 ထူထောင်ထားသူ ခေါင်းဆောင်များကို မေလ ၄ ရက်တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။



