အမေရိကန်ဒေါ်လာသည် စင်ကာပူဒေါ်လာနှင့် ငွေလဲနှုန်းတွင် ပိုမိုအားနည်းလာသည်။ တနင်္လာနေ့ (မေလ ၅ ရက်)တွင် US$ 1 = S$1.29 သို့ ကျဆင်းသွားသည်။ စင်ဒေါ်လာ 1.29 အထက်ဖြင့် ဈေးပိတ်ခဲ့ဖူးသည့် နောက်ဆုံးအကြိမ်သည် ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင်ဖြစ်သည်။ ထိုင်ဝမ် ဒေါ်လာသစ်သည် ၅% အထိ ခုန်တက်သည်။ ၁၉၈၈ နောက်ပိုင်း နှစ်ပေါင်း ၃၇ နှစ်အတွင်း မကြုံစဖူး အများဆုံး ဖြစ်သည်။ မလေးရှား ရင်းဂစ် ၁.၃% တက်သည်။ ၂၀၂၄ အောက်တိုဘာ နောက်ပိုင်း အမာဆုံး ဖြစ်သည်။ တောင်ကိုရီးယား ဝမ် ၁.၃% တက်သည်။ ဂျပန် ယန်း ၀.၆%'တက်သည်။ ထိုင်း ဘတ်သည် အနည်းငယ်သာ ပြောင်းသည်။ မွန်းလွဲ ၁ နာရီတွင် တဒေါ်လာ ၃၃ ဘတ် ဈေးပေါက်ကြောင်း သိရသည်။



