မေလ ၄ ရက်မှ စတင်ပြီး မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ဆည်တော်လေးတွင် တောင်ကျရေများဝင်ရောက်နေပြီး အုန်းချောချောင်းလည်းရေလျှံကာ ချောင်းဘေးတစ်လျှောက်နေအိမ်များတွင် ရေနစ်မြုပ်မှုများကြုံလာခြင်းကြောင့် ဘေးလွတ်ရာသို့ ယာယီရွှေ့ပြောင်းပေး ခြင်းများဖြင့် အကူအညီပေးနေရကြောင်း လူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။ထိုဒေသတွင် မိုးတွင်းကာလအတွင်း မိုးများသည့်ရက်များ၌ အလားတူဖြစ်ရပ်မျိုးကြုံလေ့ရှိတတ်ပြီး ရေပြန်မကျဘဲ တန့်နေခြင်းများလည်းကြုံတတ်သည့်အတွက် ကယ်ဆယ်ရေးအစီအစဉ်များအတွက် ပြင်ဆင်ထားခြင်းများလည်းရှိကြသည်။



