စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၌ ငလျင်ဘေးသင့် ပြည်သူများနှင့် ကလေးငယ်များအား စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးရန်အတွက် စိတ်လူမှုဆိုင်ရာ ပံ့ပိုးခြင်းလုပ်ငန်း များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း စစ်ကိုင်းခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။ငလျင်ဘေးသင့် ကလေးငယ်များကိုလည်း ပျော်ရွှင်စေသည့် အစီအစဉ်များ (Child Activity)နှင့် Games ကစားနည်းများဖြင့် စုပေါင်းပျော်ရွှင်စွာ ကစားစေပြီး အဆိုပါစိတ်လူမှုဆိုင်ရာ ပံ့ပိုးခြင်း ဆောင်ရွက်မည့်အဖွဲ့ (Psycho-Social Support Team)များသည် စစ်ကိုင်းမြို့၊ နှစ်(၇၀၀) ဘောလုံးကွင်းရှိ ငလျင်ဘေးသင့် အိမ်ထောင်စု (၂၁၁)စုနှင့် ငလျင်ဘေး ကယ်ဆယ်ရေးစခန်းများရှိ ပြည်သူများနှင့် ကလေးငယ်များအား စိတ်လူမှုဆိုင်ရာ ပံ့ပိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။



