ယခု မေလမှစတင်ကာ ဇူလိုင်လကုန်အထိ ပင်လယ်ပြင် ကမ်းဝေးငါးဖမ်းခွင့်ကို ၃ လ ကြာပိတ်ထားမည်
ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ပင်လယ်ပြင် ကမ်းဝေးငါးဖမ်းခွင့်ကို ၃ လကြာ ရာနှုန်းပြည့် ပိတ်ထားပြီး ကမ်းဝေးငါးဖမ်းလှေများကို လည်းရပ်နားထားကြောင်း ၊ထိုသို့ ပင်လယ်ပြင် ကမ်းဝေးငါးဖမ်းခွင့် ပိတ်လိုက်ခြင်းသည် လုပ်ငန်းခွင် သဘောသဘာဝအရ မုတ်သုံ(မိုးရာသီ) ဝင်ရောက်ပြီဖြစ်ေသာကြောင့် လှိုင်းလေထန်မှု ဖြစ်ပေါ်လာနိုင်ခြင်းနှင့် ငါးသားပေါက်ရာသီ ရောက်ရှိလာခြင်းများကြောင့် ငါးဖမ်းလှေများကို ဧပြီ ၃၀ ရက်နေ့ နောက်ဆုံးထားကာ ဆိပ်ကမ်းများသို့ ပြန်လည်ဝင်ရောက်စေပြီး ရာနှုန်းပြည့် လုပ်ငန်းခွင် ရပ်နားထားခြင်းဖြစ်ကြောင်း သိရသည်။


