ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ ခုတင် (၅၀၀) အထွေထွေရောဂါကုဆေးရုံကြီးရှိ အရေးပေါ်ဌာနကို မေ ၅ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ပြည်သူ့ဆေးရုံကြီးသို့ လာရောက်ဆေးဝါးကုသကြသည့်လူနာများကို လတ်တလောတွင် နံနက် ၈ နာရီမှ ၁၂ နာရီ၊ မွန်းလွှဲ ၁ နာရီမှ ညနေ ၅ နာရီအထိ ဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက ကြည့်ရှုကုသပေးမည်ဖြစ်ကြောင်း သိရသည်။
| 13 | 0 | 0 | 0 |


