၂၀၂၅၊ မေ ၅ရက်နေ့ သတင်းတင်ပြချက်အရ “ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး”ဟု အမည်ရသည့် ဇာတ်ကားကို လတ်တလောတွင် ရိုက်ကူးရန် စီစဉ်နေကြ ကြောင်း ဇာတ်ကားရိုက်ကူးရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများထံမှ သိရသည်။အဆိုပါ ဇာတ်ကားမှာ လယ်တွင်းသားစောချစ်၏ ၀တ္ထုကို သက်ဦးမောင်က ဇာတ်ညွှန်းရေးဖွဲ့ပြီး ဒါရိုက် တာ ဝင်းလွင်ထက်က ဖန်တီးပုံဖော်မည်ဖြစ်ကြောင်း၊ သရုပ်ဆောင်များအဖြစ် မြင့်မြတ်၊ နက္ခတ်၊ စိုးပြည့်သဇင်၊ မေမြင့်မိုရ်၊ ဘုန်းရှိန်ခန့်၊ အောင်ပိုင်၊ ဝိုင်းရွှေရည် တို့အပါအဝင် သရုပ်ဆောင် များစွာပါဝင်မည်ဖြစ်ပြီး Hein Production မှ ထုတ်လုပ်မည့် ဇာတ်ကားလည်း ဖြစ်ကြောင်း သိရသည်။



