မန္တလေးဘောလုံး အကယ်ဒမီကျောင်းထွက် နောက်ခံကစားသမား ဟိန်းထက်စည်သူ အား Yangon Royals FC က (၃) နှစ်စာချုပ်ဖြင့် ခေါ်ယူအားဖြည့်လိုက်ပြီဖြစ်ကြောင်း သိရသည်။မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းနှင့် မြန်မာယူ ၂၃ အသင်း၏ ကစားသမားဟောင်းတစ်ဦးလည်းဖြစ်ပြီး ၂၀၂၁ ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ကစားမည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအတွက် ရွေးချယ်ခံခဲ့ရကာ ၂၀၂၂ ခုနှစ်တွင်လည်း ဗီယက်နမ်ဆီးဂိမ်းအတွက် ထပ်မံရွေးချယ်ခံခဲ့ရသူဖြစ်သည်။



