၁၉၇၀ ပြည့်လွန်နှစ်တွေတုန်းက သောကြာဂြိုဟ်ပေါ်မှာ ဆင်းသက်စေဖို့ ရည်ရွယ်ပြီး လွှတ်တင်ခဲ့တဲ့ ဆိုဗီယက်ခေတ် အာကာသယာဉ်တစ်စင်းဟာသိပ်မကြာခင် ကမ္ဘာပေါ်ကို အထိန်းအကွပ်မဲ့ ပျက်ကျလာဖို့ရှိနေတယ်လို့ သိရပါတယ်။ အဲဒီအာကာသယာဉ်ကို ကော့စ်မို့စ် ၄၈၂ လို့ အမည်ပေးထားပြီး သောကြာ ဂြိုဟ်မစ်ရှင်တွေထဲက တစ်ခုအနေနဲ့ ၁၉၇၂ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုက လွှတ်တင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဒုံးပျံချွတ်ယွင်းချက်တစ်ခုကြောင့် ကမ္ဘာပတ်လမ်းကြောင်းထဲကနေ ထွက်မသွားနိုင်ခဲ့ဘဲ ကမ္ဘာဂြိုဟ်ကို ဘဲဥပုံလမ်းကြောင်းတစ်ခုနဲ့ တဖြည်းဖြည်းနိမ့်ကျလာရင်း လှည့်ပတ်နေခဲ့တာ ၅၃ နှစ် ရှိသွားပါပြီ ဖြစ်ပါတယ်။တန်ချိန်တစ်ဝက်လောက်ရှိတဲ့ အဲဒီအာကာသယာဉ်ဟာ သိပ်မကြာခင် ကမ္ဘာပေါ် ပြန်ကျလာဖို့ ရှိနေပါတယ်။ ဘယ်အချိန် ဘယ်နေရာကိုကျလာမယ်ဆိုတာကိုတော့ သိရဖို့အချိန်စောလွန်းနေသးတယ်လို့ အာကာသအပျက်အစီး ရှာဖွေထောက်လှမ်းရေးကျွမ်းကျင်သူတွေက ပြောဆိုထားပါတယ်။



